Download 👇👇👇

02 November 2019

Views: 768

(unicode)

After My Death (2017)

ဒီဇာတ်လမ်းဟာ ကိုးရီးယားလူမှု အသိုင်းအဝိုင်းမှာ ဖြစ်ပွားမှုနှုန်း မြင့်တက်နေတဲ့ Suicide လုပ်ခြင်း ၊ အုပ်စုဖွဲ့ အနိုင်ကျင့်ခံရခြင်း ၊ လိင်တူချစ်သူများကို နှိမ့်ချစော်ကားမှုတွေကို မီးမောင်းထိုးပြတဲ့ ကားလေး ဖြစ်ပါတယ်

လူတစ်ယောက် Suicide လုပ်သွားတယ် ဆိုပါစို့ နောက်ဆက်တွဲ လိုက်လာတဲ့ ဂယက်ကတော့ 'ဘာကြောင့်လဲ' ဆိုတဲ့ မေးခွန်းပဲ

အသက်ရှင်စဉ်အချိန်တုန်းက သူ့ကို ဂရုတောင် မစိုက်ကြပေမယ့်လည်း သေသွားတဲ့အချိန်မှာ သူနဲ့ အရမ်းရင်းနှီးတဲ့ သူငယ်ချင်းဖြစ်ပြီး ယူကြုံးမရဖြစ်ကြောင်း attention ရှာကြပုံ ၊ သူ့ကို ဘယ်သူက ဒီလိုလုပ်လိုက်တာလဲဆိုပြီး အပြစ်တင်ဖို့ လူကို ရှာပြီး ဝိုင်းအပြစ်ဖို့ကြပုံ စတဲ့ ယ​နေ့ လူမှုလောကမှာ ဖြစ်ပျက်နေတဲ့ အမှန်တရားများကို ချပြသွားတဲ့ ဇာတ်လမ်းလေးပါ

နောက်ဆုံးအခန်းအထိ စဉ်းစားစရာ တွေးတောစရာ ဆင်ခြင်စရာတွေ ပေးသွားခဲ့တဲ့ ဒရာမာဇာတ်လမ်းကောင်းလေး ဖြစ်ပါတယ်

တွေးစရာတွေ တစ်ပုံကြီး ကျန်ခဲ့တဲ့ ဒရာမာကား ကြိုက်သူတွေ နှစ်သက်နိုင်သလို ဘာကြီးမှန်း မသိဘူး ဆိုတဲ့ သူတွေလည်း ရှိလာနိုင်ပါတယ်

ပြောချင်တာကတော့ ပေါ့ပေါ့ပါးပါး ကြည့်ရမယ့် ဇာတ်ကား မဟုတ်ပါဘူး

ဇာတ်လမ်း အကျဉ်းလေးကတော့ အထက်တန်းကျောင်းသူ ကျောင်းမင်း ပျောက်ဆုံး သွားပါတယ် သူ့ပစ္စည်းတွေကို တံတားပေါ်မှာ တွေ့ရှိရတဲ့အတွက် ရေထဲကျ သေဆုံးသွားပုံ ရတဲ့အတွက် ရှာဖွေနေကြပါတယ်

ရှာမတွေ့ကြသေးပေမယ့် အကုန်လုံးက Suicide လုပ်သွားတယ်လို့ ထင်ကြေးပေးနေကြပြီး ဘာကြောင့်လဲလို့ ဆက်ပြီးစစ်ဆေးတဲ့အခုမှာ သူနဲ့နောက်ဆုံးတွေ့ခဲ့တဲ့သူက အတန်းဖော် လီယောင်ဟီး ဖြစ်နေပါတယ်

ကျောင်းမင်း သတ်သေမှုမှာ ယောင်ဟီးကြောင့်လို့ စွပ်စွဲကြသလို အဲ့နေ့က ဖြစ်ပျက်ခဲ့တာတွေကို အတင်းဖိအားပေး မေးမြန်းကြတဲ့အခါ...

Genre : Mystery / Drama
File size : 811 MB
Quality : BluRay (720p)
Running Time : 1h 53m
Format : Mp4
Subtitle : Myanmar
Review : Yuzana Nyi
Translate : Yuzana Nyi
Encode : Yuzana Nyi

Credit - FOF

File size - 811MB
ဒီမှာဒေါင်းပါ - https://mm1ink.net/fIBFn

မဒေါင်းတတ်ရင် ဒေါင်းနည်းကို အောက်ကလင့်မှာကြည့်ပါ
👇👇👇👇👇👇👇👇
https://youtu.be/pJtOvyJ-aSs

Adblockဖြစ်ပြီးဒေါင်းမရဖြစ်နေသူများအတွက်
ဒေါင်းနည်းကို အောက်ကလင့်မှာကြည့်ပါ။
👇👇👇👇
https://youtu.be/U2RBen_tRhI

(zawgyi)

After My Death (2017)










Genre : Mystery / Drama
File size : 811 MB
Quality : BluRay (720p)
Running Time : 1h 53m
Format : Mp4
Subtitle : Myanmar
Review : Yuzana Nyi
Translate : Yuzana Nyi
Encode : Yuzana Nyi

Credit - FOF

File size - 811MB

👇👇👇👇👇👇👇👇

👇👇👇👇

Share